Wednesday, January 7, 2015

အခြေခံ ဆောင်းပါးလေးပါ



ညီလေးဇော်ဇော် ကူညီ ဘာသာပြန်ပေးတဲ့ ဆောင်းပါးလေးကို အခြေခံပြီး
ငွေအသင့်အတင့်နဲ့ အိမ်တွင်းစတူဒီယိုတစ်ခု ဖန်တီးနိုင်မယ့် နည်းလမ်းကောင်းများ
ဆိုတဲ့ စာစုလေးကို တင်ပေးလိုက်ပါတယ်။ ဒီဆောင်းပါးဟာ တတ်ကျွမ်းပြီးသားသူတွေအတွက် ရည်ရွယ်တာ မဟုတ်ဘဲ အိမ်တွင်းစတူဒီယိုတစ်ခု လုပ်ဖို့ စပြီး စိတ်ဝင်စားနေသူတွေကိုသာ ဝေမျှပေးတာဖြစ်ပါတယ်။

ဒီနေ့ခေတ်မှာ သီချင်းတွေကို အင်တာနက်ပေါ်တင်ဖို့နဲ့ အချောတီးမယ့်စတူဒီယိုတွေဆီ အပ်ကြဖို့ သီချင်းရေးသူ၊ဆိုသူအများစုဟာ အိမ်တွင်းစတူဒီယိုလေးတွေ တည်ဆောက်လာခဲ့ကြပါပြီ။ အစကတော့ အသံအရည်အသွေးဟာ နိမ့်ပါးမှုရှိနေခဲ့ပေမယ့် နည်းပညာပြောင်းလဲတိုးတက်လာမှုနဲ့ လူတွေရဲ့တီထွင်နိုင်မှုစွမ်းအားတွေကြောင့် အခုအချိန်မှာ တချို့အဆိုတော်တွေဟာ သူတို့ရဲ့ အခွေတွေကို အိမ်တွင်းစတူဒီယိုတွေမှာပဲ အချောသတ်ဖန်တီးနေကြတာကိုလည်း တွေ့ရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အချောပဲလုပ်လုပ်၊ အကြမ်းပဲလုပ်လုပ် ငွေကုန်ကြေးကျ သက်သာနိုင်သလို သူငယ်ချင်းတွေ၊ မိတ်ဆွေတွေနဲ့ ၀ါသနာပါသူတွေကို အိမ်တွင်းစတူဒီယိုလေးက အတိုင်းအတာတစ်ခုအထိ ကူညီပေးနိုင်တာတော့ ငြင်းမရပါဘူး။
အခုကျွန်တော်အနေနဲ့အိမ်တွင်းစတူဒီယိုတစ်ခုကို
ငွေအသင့်အတင့်နဲ့ဘယ်လိုဖန်တီးနိုင်မလဲဆိုတာနဲ့ပတ်သက်ပြီးမျှဝေပေးချင်ပါတယ်။

ပထမဆုံးစပြောချင်တာကတော့ ကွန်ပျူတာပဲဖြစ်ပါတယ်။ Windows စက်လည်ပတ်မှုသုံးတဲ့ PC ကွန်ပျူတာတွေကိုပဲ သုံးသုံး၊ Mac သုံးတဲ့ Apple ကွန်ပျူတာတွေကိုပဲ သုံးသုံး ကိုယ့်အသုံးပြုမယ့်အပိုင်းနဲ့ လိုက်ဘက်တဲ့ Hardware ဖြည့်ဆည်းမှုတွေရှိနေဖို့ သတိပြုရပါလိမ့်မယ်။ သာမန်လုပ်ငန်းခွင်တွေမှာ အရေးကြီးတဲ့အစိတ်အပိုင်းတွေလို့ ပြောရမယ့် ပရိုဆက်ဆာနဲ့ ရမ်တို့ကိုသာ ကြည့်ရမယ့်အပိုင်းမဟုတ်တော့ဘဲ အသံထည့်တဲ့အခါ အမှန်တကယ်အလုပ်ဖြစ်မယ့် Sound Card ကိုလည်း ဂရုပြုရတော့မှာပါ။ ဒါပေမဲ့ ကိုယ်က အိမ်တွင်းစတူဒီယိုလေးဖြစ်လို့ တကယ်အစစ်တီးတာတွေ၊ အဆိုအသံတွေလည်း ဖမ်းဖို့မလိုဘူးဆို တန်ဖိုးကြီးတဲ့ Sound Card မျိုးကို မ၀ယ်နိုင်ဘူးဆိုရင်လည်း Asio ဒရိုင်ဗာ တင်သုံးရင်
အဆင်ပြေပါလိမ့်မယ်။ Asio ဒရိုင်ဗာ က Fl Studio သွင်းလိုက်ရင် အလိုလိုပါလာပါမယ်။အဓိကအနေနဲ့တော့ ကိုယ်ရဲ့ ရည်ရွယ်ချက်က ဘယ်လောက်အထိလုပ်မယ် ဆိုတာကို ကိုယ်ပြန်သတိထားလိုက်ရုံပါ။
တကယ်ဂစ်တာအစစ်တွေ တီးသွင်းမယ်။အဆိုသံတွေ ဖမ်းမယ်ဆိုရင်တော့ လိုအပ်တာက Audio Interface ပဲ ဖြစ်ပါတယ်။ ဒါကို External Sound Card လို့ ပြောလည်း ရပါတယ်။ မိုက်ခရိုဖုန်းတွေနဲ့ တူရိယာတွေကို ကွန်ပျူတာနဲ့ ချိတ်ဆက်ပြီးမဟုတ်ဘဲ ကြားခံအနေ နဲ့ Internal Sound Card နေရာ အစားဝင်လိုက်တဲ့အရာပဲ ဖြစ်ပါတယ်။ အထဲမှာ Sound Card စိုတ်ထားရင် Interface ကနေ ကွန်ပျူတာဆီကို ကြိုးတစ် ချောင်းတည်းနဲ့ အသံပို့နိုင်သလို Sound Card မစိုက်ထားရင်တော့ USB တို့လို Firewire တို့လို အချိတ်အဆက်တွေနဲ့ အသံပို့လို့ရမှာဖြစ်ပါတယ်။ အိမ်တွင်းစတူဒီယိုတွေအတွက်တော့ ကျပ်နှစ်သိန်းလောက်ကနေ လေးသိန်းလောက်အထိ အမျိုးအစားတွေ ရှိနေပြီး အဆင်ပြေရာ သုံးနိုင်ပါတယ်။ အိမ်မှာလည်း အလွယ်တကူ ကိုယ်တီးတာတွေကို ကွန်ပျူတာထဲ ထည့်ထားနိုင်မှာပါ။ ထူးခြားချက်ကတော့ Interface ကို သုံးရင် လက်တော့ပ်လို့ အပေါ့စားကွန်ပျူတာတွေနဲ့လည်း သီချင်းတွေ လုပ်လို့ အဆင်ပြေနိုင်တဲ့အချက်ပါ။ Sound Card မစိုက်လည်း ရသွားပြီကိုး။ အဲဒီ Interface တွေမှာလည်း သူအမျိုးအစားနဲ့ သူပါ။ မိုက်ခ်အတွက် Pre-Amps နှစ်ခုကနေ တစ်ဒါဇင်လောက်အထိ ပါလို့ ကိုယ်နဲ့သင့်တော်တာ ရွေးချယ်နိုင်ပါတယ်။
ကွန်ပျူတာနဲ့အတူ အသံဖမ်းဆော့ဖ်ဝဲတစ်မျိုးကိုလည်း ရွေးချယ်ရမှာပါ။ အဲနေရာ မှာတော့ လက်ရှိသုံးနေသူတွေရဲ့ အမျိုးအစားတွေကို စရွေးသင့်ပါတယ်။ မိုက်ခရိုဖုန်းကလာတဲ့ အသံနဲ့ တူရိယာတွေဆီက လာတဲ့အသံကို မှတ်သားသိမ်းဆည်းပေးပြီး အသံချိန်ညှိတည်းဖြတ်တဲ့အခါ ရိုးရှင်းလွယ်ကူဖို့ လိုပါတယ်။ ကောင်းပြီး အသုံးပြုရရှုပ်နေတဲ့ ဆော့ဖ်ဝဲတွေထက် အသံအရည်အသွေးကောင်းဖန်တီးနိုင်ပြီး လွယ်လွယ်ကူကူသုံးနိုင်ရင် ပိုကောင်း ပါတယ်။ အသံကာလာချိန်နိုင်မယ်၊ နောက်ဆုံး ကိုယ်နှစ်သက်တဲ့ Format နဲ့ တစ်ခါတည်း အခွေထုတ်နိုင်ပါလိမ့်မယ်။ စတူဒီယိုကြီးတွေမှာတော့ Sound Card မြင့်မြင့် ၀ယ်လိုက်တယ်ဆိုရင် ပရော်ဖက်ရှင်နယ် Tool တွေကို တစ်ခါတည်းသုံး နိုင်တဲ့ဆော့ဖ်ဝဲပါလာလို့ အဲဒါကိုသုံးကြတာတွေ့ရပါတယ်။ ဒီလိုဆော့ဖ်ဝဲတွေ ရာနဲ့ချီ ရှိပေမယ့်။ အိမ်တွင်းအများစုနဲ့ ပရို အများစုက လက်ရှိအချိန်မှာ Nuendo ကို သုံးနေကြတယ်။ နောက်ပိုင်းလုပ်ရင်းနဲ့ Plug-in တွေ ထည့်သုံးသွားနိုင်တာ ကြောင့် ပထမဆုံး အသုံးပြုရ အဆင်ပြေမယ့် ဆော့ဖ်ဝဲကို ရွေးလိုက်ပါ။ ဒါက ကွန်ပျူတာနဲ့ လုပ်တဲ့နည်းပါ။ တကယ်လို့ စာဖတ်သူဟာ ကွန်ပျူတာနဲ့ ဂီတကို မလုပ်ချင်ဘူးလို့ ယုံကြည်ချက်ပြင်းနေရင်တော့ Track အများကြီး အသုံးပြု ဖမ်းနိုင်တဲ့ ပစ္စည်းမျိုးကို ၀ယ်နိုင်ပါတယ်။ ဒါပေမဲ့ လက်ရှိအချိန်မှာ အိမ်တွင်းစတူဒီယိုအတွက် အဲလောက် မ၀ယ်သင့်ဘူးလို့ ထင်ပါ တယ်။
   နောက်ထပ် ရွေးချယ်ရမယ့်အပိုင်းက မိုက်ခရိုဖုန်းကောင်းကောင်းပါပဲ။ မိုက်ခရိုဖုန်းအတွက်တော့ ကပ်စေးအရမ်းကြီး မနည်းဖို့ သတိပေးချင်ပါတယ်ဗျာ။ ဘာကြောင့်လဲဆိုရင် အသံသွင်းဆော့ဖ်ဝဲကောင်းတွေကြောင့် အသံကာလာတွေ ပြောင်းနိုင်တယ်ဆိုရင်တောင် မူလသွင်းထားတဲ့ အသံအရည်အသွေးကို ပြုပြင်ဖို့ ခက်လို့ပဲ ဖြစ်ပါတယ်။ ဥပမာအနေနဲ့ ပြောရရင် ကင်မရာအစုတ်နဲ့ ရိုက်ထားတဲ့ ဓာတ်ပုံကို ဆော့ဖ်ဝဲတွေနဲ့ ပြင်နိုင်ပေမယ့် အရည်အသွေးကောင်း တဲ့ ဓာတ်ပုံ ဘယ်တော့မှ မဖြစ်နိုင်တော့တဲ့ သဘောပါပဲ။ ဒါလေးကို သတိထားပေးသင့်ပါတယ်။ အကောင်းဆုံးကတော့ Condenser Microphone လို့ ခေါ်တဲ့ အမျိုးအစားပါပဲ။ Vocal အတွက်သာ မကပါဘူး။ Acoustic တူရိယာယာတွေ အတွက်ပါ အရမ်းအဆင်ပြေစေပါတယ်။ လူတိုင်းလည်း ဒါပဲသုံးနေကြတာဖြစ်လို့ ပြောစရာလိုမယ်လို့တောင် မထင်ပါဘူး။ ဒါပေမဲ့ စလုပ်မယ့်သူတွေ မိုက်ခရိုဖုန်းအတွက် ပိုက်ဆံမချွေတာမိဖို့ သတိပေးတာပါ။ Vocal အတွက်တော့ မိုက်ခ် ကိုကာမယ့် Pop Filter တစ်ခု လိုအပ်ပါတယ်။ သီဆိုသူရဲ့ အသက်ရှုသံတွေ၊ ဘာတွေ မ၀င်ဖို့ ကာကွယ်ပေးပါတယ်။ တကယ်လို့ ရော့ခ်တီးဝိုင်းတစ်ခုအတွက်ဆိုရင်တော့ တူရိယာအားလုံးကို အသံဖမ်းပေးမယ့် Dynamic မိုက်ခ်အမျိုးအစား လိုအပ်ပါတယ်။ မိုက်ခ်တွေက Vocal အတွက်ထက်ပိုသေးပါတယ်။ ဈေးကွက်ထဲမှာ တော်တော်အသုံးပြုလို့အဆင်ပြေမယ့် Condenser မိုက်ခ်ကို ကျပ်နှစ်သိန်းဝန်းကျင်နဲ့ ရနိုင်ပါတယ်။ Dynamic မိုက်ခ်တွေကိုတော့ ကျပ်တစ်သိန်းဝန်းကျင် နဲ့ ၀ယ်နိုင်ပါလိမ့်မယ်။

 တတိယအချက်အနေနဲ့ ပြောချင်တာက အသံအရည်အသွေးစစ်မယ့် စပီကာတွေပါပဲ။မော်နီတာစပီကာလို့ ခေါ်ပါ တယ်။ ဒီစပီကာဟာ စတီရီယိုစပီကာနဲ့ လုံးဝမတူပါဘူး။ စတီရီယိုစပီကာတွေဟာ အသံကာလာတွေကို ချိန်ညှိပေးနိုင်ပေ မယ့် မော်နီတာစပီကာတွေကတော့ သွင်းထားတဲ့အသံရဲ့ အရည်အသွေးဘယ်လောက်ရှိတယ်ဆိုတာ တိုင်းတာပေးဖို့    ဖြစ် တည်နေတာပါ။ သူတို့က အသံဖမ်းထားတာတွေရဲ့ ကာလာမပါ၊ အသံသာသာမဖြစ် ပကတိအနေအထားကို ချပြပေးပါ တယ်။ ဒါကြောင့် တစ်ထပ်ချင်းဖမ်းထားတဲ့ အသံတွေမှာ ဘယ်အပိုင်းက အားနည်းချက်ရှိနေလည်း တိတိကျကျ သိနိုင်ပါ လိမ့်မယ်။ Flat မော်နီတာလို့ ခေါ်ပါတယ်။
MIDI ControllerKeyboard  ဒါမှမဟုတ် Synthesizer က နောက်ထပ်လိုတာ တစ်ခုပါ။ ပုံမှန်အရတော့ Synthesizer ဟာ အသံ မျိုးစုံတီးခတ်ပေးနိုင်တဲ့ ပရိုဂရမ်တွေ စုစည်းထားတဲ့ အီ လက်ထရွန်နစ်ကီဘုတ်တစ်လုံးပါပဲ။ဒါပေမဲ့ သူတို့ကအရွယ်အစားနဲ့ ပုံစံ အများအပြားထွက်နေပါတယ်။ ဂစ်တာအတွက်၊ လေမှုတ်တူရိယာတွေအတွက်၊ ဒရမ်စတဲ့တဲ့ သားရေတူရိယာတွေ အတွက်ရယ်လို့ အမျိုးအစားတွေ ခွဲသလို ပုံစံတွေလည်း ကွဲပြီးထွက်နေတာပါ။ MIDI Controller ကတော့ Synthesizer လိုပါပဲ။ ဒါပေမယ့် Synthesizer လို သူ့ဘာသာ အသံမထုတ်နိုင်ပါဘူး။ ဒါပေမဲ့ ဟာ့ဒ်ဝဲ သို့မဟုတ် ဆော့ဖ်ဝဲကို အခြေခံပြီး တော့ တီးခတ်ရမယ့် အချက်အလက်တွေကိုတော့ ထုတ်ပေးနိုင်ပါတယ်။ ဥပမာ MIDI Controller ကို သုံးပြီး Nuendo ထဲက Halion One  လို Plug-in ကို အသုံးပြုပြီး ကီးဘုတ်ကာလာ အမျိုးမျိုးကို တီးသွင်းနိုင်ပါတယ်။ MIDI ControllerKeyboard  ကို USB ဖန်ရှင်ပါရင် ပရင်တာကြိုးအသုံးပြုပြီး ကွန်ပြူတာနဲ့ ချိတ်ဆက်နိုင်ပါတယ်။USB ဖန်ရှင် မပါရင်တော့ မီဒီကြိုး တွေ တစ်သောင်းခွဲ၊နှစ်သောင်း ၀န်းကျင် နဲ့ ၀ယ်ယူနိုင်ပါတယ်။
 USB to Midi  ကြိုးတွေလည်း ရှာဖွေ ၀ယ်ယူလို့ရပါတယ်။
ဒရမ်အစစ်ကိုတော့ Home သမားအများစု က မသုံးကြပါဘူး။EZ Drummer လိုမျိုး Plugin ဆောစ်ဝဲတွေ သုံးပြီး ဒ၇မ်ကို ပရိုဂရမ် ရေးကြပါတယ်။တစ်ချို့ကလည်း FL Studio မှာ ဒရမ်ကို စိတ်ကြိုက် ရေးကြပါတယ်။
အခုလောက်ဆိုရင် အိမ်တွင်းစတူဒီယိုတစ်ခု စလုပ်မယ့် မိတ်ဆွေတွေအနေနဲ့ လုပ်ရမယ့်အရာတွေကို အထိုက်အလျှောက် နားလည်းသွားပြီလို့ ယူဆမိပါတယ်။ နည်းပညာပြောင်းလဲမှုအရ ပြောင်းလဲနိုင်တာတွေ ရှိပေမယ့် အခြေခံကတော့ အတူတူ ပဲဖြစ်ပါလိမ့်မယ်။ အားလုံး ဗဟုသုတတိုးပွားကြပါစေ။

အားလုံးကို ကျေးဇူးတင်ပါတယ်။ ကိုဖိုးအေး

No comments:

Post a Comment