Wednesday, January 7, 2015

Audio Mastering အခြေခံ





audio engineering မှာ mastering ဆိုတာ music production လိုင်းရဲ့ အဆုံးပိုင်းမှာရှိပါတယ်။ ထွက်လာတဲ့သီချင်းသံတွေ ဘယ်စက်တွေနဲ့ ဘဲနားထောင်နားထောင် နားဝင်ပီယံဖြစ်ဖို့  mastering အပိုင်းက လုပ်ပေးရပါတယ်၊
လွန်ခဲ့တဲ့ အနှစ် ၅၀ကျော်တုန်းက နည်းပညာရယ် စက်မှုကိရိယာတွေ မတိုးတက်သေးတဲ့အချိန်မှာ mastering ဆိုတာဟာ mixing stage ကပေးလာတဲ့ reel tape ဆီကနေ vinyl LP တွေ cassette tape တွေဖြစ်အောင် duplication လုပ်ပေးရတဲ့အဆင့်ပဲ့ရှိပါတယ်၊ နည်းပညာတွေ စက်ကိရိယာတွေ တိုးတက်လာတဲ့ ဒီခေတ်မှာတော့ mastering engineer တွေ နေရာအကြီးအကျယ်ရလာပြီး အရေးပါလာပါတယ်။ ဘာဖြစ်လဲဆိုတော့ final result တွေက အရမ်းကောင်းလို့ ပေါ့၊ ဒီတော့ ဂီတနဲ့ ပက်သက်တဲ့ company ကြီးတွေ ငွေကြေးမြောက်မြားစွာ ရတဲ့ အောင်မြင်တဲ့ အင်ဂျင်နီယာတွေဟာ ဒေါ်လာသန်းနဲ့ ချီပြီး ရင်းနှီးမြှုပ်နှံကြတယ်။ Recording company တွေကလည်း mastering ဆိုတာ ဘယ်လောက်အရေးကြီးသလဲဆိုတာ အသိအမှတ်ပြုလာကြတယ်၊ Recording company တခု နှင့် တခု ဆီက ထွက်လာတဲ့သီချင်းတွေ အသံကျယ်ခြင်းပြိုင်ကြတော့ loudness war ဆိုတာ ခေတ်စားလာတယ်၊
ကဲ mastering လုပ်မယ်ဆိုရင် ဘာတွေလိုအပ်သလဲ၊
သီချင်း၁ပုဒ်ကို analysing approach
နဲ့  နားထောင်တတ်ရမယ်၊ ဒီတော့ arts of listening ဆိုတဲ့ အတတ်ပညာကို တက်ကျွှမ်းဖို့ လိုလာပြန်တယ်၊

The art of listening
သီချင်း ၁ပုဒ် ဂီတသံစဉ် ၁ခုကို နားထောင်မယ်ဆိုရင် အဲဒီသီချင်း အဲဒီသံစဉ်တွေကို ကြိုက်တာ မကြိုက်တာ အပထား ပါဝင်တဲ့  elements တွေရဲ့ အသံတွေကို ခွဲခြမ်းစိတ်ဖြာရပါမယ်၊
Foundation – bass, drum
Rhythm – guitar, piano, synths
Pads – synths, e piano, strings
Leads – vocal, guitar, solos
Fills – vocal, guitar, percussion, drums
Elements ၁ခု ချင်းဟာ သူ့ ရဲ့ အတိုးအကျယ်တွေ (vol/lev) တွေမှန်ရဲ့လား၊ အသံထုံ / စူးရှ (eq) တွေ မျှရဲ့လား၊ အခြား characters တွေလည်း သူ့ နေရာနဲ့ သူ အသံမှန်ရောက်ရဲ့လား၊ စသဖြင့် analyse လုပ်ရပါ့မယ်။ အဲဒါတွေပြီးရင် gain stage မှာ ဘယ်လောက်တင်ရင်ကောင်းမလဲ၊ ဘယ် eq band တွေကို cut/boost လုပ်မလဲ compression ဘယ်လိုလုပ်မလဲ Ratio, attack, Release, gain reduction, make up ဘယ်လောက်လုပ်မလဲ၊ harmonic enhancing/ tape, tube situation လုပ်မလား၊ stereo widening ဘယ်လောက်ချဲ့ မလဲ၊ limiter setting မှာ A/R, peak stop, loudness maximizer နဲ့ ဘယ်လိုသွားမလဲ။
Loudness meter/ frequency spectrum meter ဘယ်လိုထားရင်ကောင်းမလဲ၊ စဉ်းစားဆုံးဖြတ်ပြီးရင် လုပ်ငန်းစလို့ ရပါပြီ၊

studio အကြီးတွေမှာ သုံးတဲ့ hardware mastering chain ကတော့
၁. ADDA- analogue digital digital analogue converter ( eg. Antelope audio clip 384 )
၂. PREAMP ( Ams Neve 1081 )
၃. Eq ( SSL Xrack, Avalon AD2077 Manley massive passive )
၎. Compressor ( ShadowHills Mastering Compressor, Tubetech SMC 2BM multibands )
၅. Eq ( Massive passive 4 band, maselec MEA2 )
၆. Hamonic processor ( Eventide H8000 Utra )
၇. Limiter ( Manley Slam, Prism sound MEA2 )
၈. ADDA converter ( SSL Alphalink Madi-AX) ပြီးရင် CD Recorder/Tape Recorder ဒါမှမဟုတ် vinyl cutting machine ကိုသွားပါတယ်၊ Vinyl mastering အတွက်ကတော့ သက်သက် setup လုပ်၇ပါတယ်။ very low frequency နဲ့  anti-phase တွေပါလာရင် ဓါတ်ပြားလှီး၊ ခြစ်တဲ့ အပ်ခေါင်းကို ပျက်စီးစေတဲ့အတွက်ကြောင့်ပါ။

Digital Mastering ( Software ) chain
2010 မတိုင်ခင်အထိ hardware mastering ကို မယှဉ်နိုင်ပေမဲ့ နောက်ပိုင်းမှာတော့ software plugin တွေ တော်တော်လေးကောင်းလာပါတယ်၊ ဆရာကြီးတွေဖြစ်တဲ့ Yoad Nevo, JC concato, etc တို့ တတွေက software တွေနဲ့ လုပ်တဲ့ mastering တွေဟာ hardware mastering ဆရာတွေနီးပါးလောက် ကောင်းအောင် လုပ်ပြနိုင်တော့ ကျွှန်တော်တို့ လို မျက်နှာမွဲတွေအတွက် အားတက်စရာပေါ့။ ကျွှန်တော်ထင်တာကတော့ software mastering plugin တွေဟာ DAWs တွေInterface တွေက PreAmp- Recording mixer, Recorder တွေရဲ့ နေရာကိုယူလိုက်သလိုပဲ၊ mastering hardwares တွေကို တန်းညှိနိုင်မယ်လို့ ကျွှန်တော်ယုံကြည်ပါတယ်၊ တချို့ သော စတူဒီယို တွေမှာ hardware/ software – hybrid system ကို သုံးနေကြပါပြီ၊
ကျွှန်တော်ကတော့ mastering ကို Isotope ( Ozone ) နဲ့ စခဲ့ပါတယ်၊ ဘာမှမသိသေးတဲ့ အချိန် အတွေ့ အကြုံနည်းနေတုန်းအချိန်မှာ Presets တွေကို အားကိုးခဲ့ပါတယ်၊ လုပ်ရင်းလုပ်ရင်းနဲ့ ကိုယ့် Presets ကိုဖန်တီးနိုင်တဲ့ အချိန်ရောက်လာဖို့ အတော်ကြာပါတယ်။ Presets တွေကို စမ်းသပ်ဖို့ ဆိုတာဝန်လေးစရာ မဟုတ်ပါဘူး။
ပြီးတော့ mastering အတွက် mixing stage မှာ ဘာတွေပြင်ဆင်ပေးရမလဲ? Mastering ဆရာတွေတော်တော်များများဟာ player, mixing, recording ဘ၀က လာတဲ့သူတွေ များပါတယ်။ အင်ဂျင်နီယာ ၁ယောက်ဟာ တူရိယာ ၂ခု ၃ခု လောက်တီးတတ်ကြပါတယ်၊ ( ချွှင်းချက် )
Mixed track ရဲ့  master bus မှာ eq မထည့်ရပါ၊ မဖြစ်မနေလိုအပ်မှသာ ထည့်ပါ၊ compression/ limiting အတွက် mastering engineer တာဝန်ထားလိုက်ပါ။ ပြီးတော့ well-balanced mix ဖြစ်အောင် လုပ်ပါ၊ Peak level ကို -6 db ထက် မကျော်ပါစေနှင့်၊
Average level နဲ့  Peak level တို့ ရဲ့ dynamic Range ကွာခြားချက်ကတော့ 9db နှင့် 6db ကြားမှာ ရှိမယ်ဆိုရင် ဒီသီချင်းဟာ mastering ဆရာသမားလက်ထဲ ထည့်လို့ ရပါပြီ၊ ဆရာ့ ဆရာတွေရဲ့ အဆို အရ ကိုယ်mix လုပ်တဲ့ track ကို mastering လုပ်ဖို့ အခြား masteringဆရာကို လွှဲအပ်လိုက်ပါတဲ့၊ ဟုတ်မယ်လို့ ကျွှန်တော်ယုံကြည်ပါတယ်။ Collaboration concept အရ ဖြစ်မယ်။

ကျွှန်တော် mastering chain ၄၊ ၅၊ ၆ ခုလောက် လုပ်ထားတဲ့အထဲက စာရှည်နေမှာစိုးလို့  ရန်နိုင်ရဲ့ အခွေကို လုပ်ထားတဲ့ setup နဲ့ ဥပမာ ပေးလိုက်ပါ့မယ်။
Mastering chain
– BT – PEQ 5B-3 ( nomad factory )
– BT com CP 2S-3 ( nomad factory )
– VEQ 4 ( waves )
– BT BW 2S-3; comp setting ( nomad factory )
– Kramer Tape ( waves )
– Center ( waves )
– L3 – LL Utra ( waves )
– WLM meter ( waves )
ဒါနဲ့ ဘဲ့ မလုံလောက်သေးပါဘူး၊ Lipinski speakers, hardware gear တွေ မသုံးနိုင်ရင်လည်း အခန်းရဲ့ Room acoustic response ကို flat ဖြစ်အောင် tuned လုပ်ထားနိုင်မယ်၊ monitor setup ergometric မှန်ရင် ပိုမိုကောင်းမွန်တဲ့ ရလဒ်တွေရမှာပါ။ headphone နဲ့  Recording mixing mastering ၁ခါမှ မလုပ်ဘူးပါ၊ sound engineer ၁ယောက်ရဲ့ နားဟာ အလွန်အရေးကြီးလို့ details check ကလွဲရင် headphone ကို မသုံးရင် ကောင်းပါမယ်၊ ပြီးတော့ balanced mixing mastering ကောင်းတဲ့သီချင်းတွေကို ကိုယ့် စတူဒီယို အခန်းက setup တွေနဲ့ များများနားထောင်ပေးရင် ကောင်းပါတယ်၊
Mastering Hardward/ software တွေဟာ အလွန်ရိုးစင်းပါတယ်။ အဓီကကတော့ mastering engineer ရဲ့ technical skills နဲ့  the art of listening တို့ ကပိုပြီးအရေးကြီးပါတယ်၊
…...... အားလုံး အောင်မြင်ပါစေ၊ …...........
ဆက်ပါဦးမည်

 ဆရာ Lamine Thar မှ ရေးသားပေးထားပါသည်။

No comments:

Post a Comment