Wednesday, January 7, 2015

Addactive Drum ဖြင့် ဂီတသံစဉ်များဖန်တီးခြင်း



Addactive Drum ဖြင့် ဂီတသံစဉ်များဖန်တီးခြင်း

Addactive Drum ဆိုတာဟာ virtual instrument plug-in တစ်မျိုးဖြစ်ပြီး Drum သံများပြုလုပ်ဖန်တီးရာတွင် အသုံးပြုနိုင်ပါတယ်။ Addactive Drum အားအခြားသော FL Studio 9 , Sony Acid ,Nuendo အစရှိသည့် ဆော့ဖ်ဝဲများနှင့် ချိတ်ဆက်အသုံးပြုနိုင်ပြီး တကယ့် Drumသံအစစ်များကဲ့သို့တီးခတ်နိုင်တဲ့ ဆော့ဖ်ဝဲ ဖြစ်ပါတယ်။
Addactive Drum ရဲ့ အဓိက Feature တွေကတော့ Drum သံများ၊
Cymble သံများ၊ ကို multi channel mic များနှင့် ဖမ်းယူနိုင်ခြင်း၊ တကယ့် Real Drum kit သံအတိုင်း မိုက်setting များချိန်ကာ အသံများဖမ်းယူနိုင်ခြင်း ၊ Compressor များခံကာ အသံများ စစ်ထုတ်ယူခြင်း၊ အသံများချိန် ညှိနိုင်ခြင်း၊ Reverb , EQ အစရှိတဲ့ Effect များထည့်သွင်း ဖန်တီးနိုင်ခြင်း စတာတွေပဲဖြစ်ပါတယ်။ Addactive Drum နှင့် Drum သံများ တီးခတ်ဖန်တီးရာတွင် တကယ့် Drum stroke သံများကဲ့သို့
ရရှိစေနိုင်ပြီး အသံတစ်ခုချင်းစီအတွက် Gate များ၊ Compressor များကိုပါ ထည့်သွင်းအသုံးပြုနိုင်ပါတယ်။
Addactive Drum တွင် plug-in အနေဖြင့် ချိန်ပေးထားသော preset ပေါင်း 52 မျိုးခန့်ပါဝင်ပြီး မိမိကိုယ်တိုင် manual အနေဖြင့်လည်း ချိန်ကာ ပြန်လည်အသုံးပြုနိုင်ပါတယ်။ Addactive Drum အား အပိုင်းသုံးပိုင်း ပိုင်းကာ ခွဲခြားသတ်မှတ်နိုင်ပါတယ်။ Top Section ကတော့
နမူနာပါသော Drum pattern များကို ခေါ်ယူအသုံးပြုရန်၊ Effect အပိုင်းသို့သွားရန်၊ Edit ပြုလုပ်ရန်၊ preset များကိုထည့်သွင်းအသုံးပြုရန် တို့အတွက်ဖြစ်ပါတယ်။ ဒုတိယအပိုင်ဖြစ်တဲ့ Page Section ကတော့ Drum
သံများအား မိမိနှစ်သက်ရာအလိုက် ပြောင်းလဲတီးခတ်နိုင်ရန်၊ Bass Drum , Snare , Hi hat တို့ကို ပြောင်းလဲအသုံးပြုရန် တို့အတွက်ဖြစ်ပါတယ်။ Mixer အပိုင်းကတော့ အသံတစ်မျိုးချင်းစီအလိုက် အတိုးအကျယ် Level များ၊ effect များ ထည့်သွင်းရန်အတွက်ဖြစ်ပါတယ်။
2.Addactive Drum ဖြင့် ဂီတသံစဉ်များဖန်တီးခြင်း

Addactive Drum အား FL Studio နှင့်ချိတ်ဆက်ကာ တီးခတ်သည့်အပိုင်းကို ဆက်လက်ဖော်ပြပေး မှာဖြစ်ပါတယ်။ Addactive Drum ဟာ FL Studio အပြင် အခြားသော ဆော့ဖ်ဝဲများအတွင်း VST Instrument အနေဖြင့် အသုံးပြုနိုင်ပြီး တကယ့် Drum သံအစစ်များကို ထုတ်လုပ်ပေးနိုင်တဲ့ ဆော့ဖ်ဝဲ instrument တစ်ခု ဖြစ်ပါတယ်။
Addactive Drum အား FL Studio နှင့်ချိတ်ဆက်ကာ တီးခတ်နိုင်ဖို့အတွက်
သင့်ကွန်ပျူတာတွင် FL Studio နှင့် Addactive Drum နှစ်မျိုးစလုံး ထည့်သွင်းထားရန် လိုအပ်ပါတယ်။ ပထမဦးဆုံးအနေဖြင့် FL
Studio ကို ဖွင့်လိုက်ပါတယ်။

Right Click > Insert မှတဆင့် Addactive Drum ကိုရှာဖွေကာ ရွေးချယ်ပေး လိုက်ပါတယ်။ Fig (1)

1.တကယ်လို့ Right Click > Insert တွင် Addactive Drum ကိုမတွေ့ပါက More မှတဆင့် ရှာဖွေပေးရမှာဖြစ်ပါတယ်။

2.ထို့သို့ရွေးချယ်ပေးလိုက်ပါက FL Studio တွင် Addacitve Drum အား Track တစ်ခုအနေဖြင့် Step Sequencer တွင် ၀င်ရောက်လာ တာကို မြင်တွေ့ရမှာဖြစ်ပါတယ်။

3. Addactive Drum လိုင်းတစ်ခုဝင်ရောက်လာပါက ထို Track ကို Click တစ်ချက်နှိပ်လိုက်ပါ။ Addactive Drum ပုံကို မြင်တွေ့ရပြီဖြစ်ပါတယ်။

3. Addactive Drum ဖြင့် ဂီတသံစဉ်များဖန်တီးခြင်း

Addactive Drum ရဲ့ Mixer အခြမ်းကို အရင်ဆုံး ဖော်ပြပေးပါမယ်။ Addactive Drum တွင် Kick, Snare, HiHat , Cowbell အစရှိသဖြင့် Track ပေါင်း 10 လိုင်းပါဝင်ပါတယ်။ ညာဖက်အစွန်ဆုံးရှိ Master ကတော့ Drum သံအားလုံးရဲ့ output ကို ရည်ညွန်းခြင်းဖြစ်ပါတယ်။ Addactive Drum ရှိ Kick, Snare ,HiHat, သံများရဲ့ အတိုးအကျယ်ကိုတော့ သက်ဆိုင်ရာ Track များတွင် ၀င်ရောက်ချိန်ပေးနိုင်ပါတယ်။

Addactive Drum ကို FL Studio တွင်တီးခတ်ရန်အတွက်ကတော့ Right Click> Piano Roll မှတဆင့် စိတ်ကြိုက်တီးခတ်ရမှာဖြစ်ပါတယ်။ ထိုကဲ့သို့တီးခတ်ရာတွင် Pattern အနေဖြင့်တီးခတ်နိုင်သလို Song အနေဖြင့်လည်း သီချင်းတစ်ပုဒ်လုံးကို တီးခတ်နိုင်ပါတယ်။
Addactive Drum တွင် Bass Durm , Snare , Hi Hat များကို မိမိစိတ်ကြိုက်ပြောင်းလဲတီးခတ်နိုင် ပါတယ်။ထိုကဲ့သို့ အသံများပြောင်းလဲရန်အတွက် Bass Drum အပေါ်ဖက်အခြမ်းရှိ L ကို တစ်ချက် Click နှိပ်လိုက်ပါ။ ထိုအခါ Bass Drum အမျိုးအစားများစွာကို မြင်တွေ့ရမှာဖြစ်ပါတယ်။

4. Addactive Drum ဖြင့် ဂီတသံစဉ်များဖန်တီးခြင်း

Addactive Drum တွင် Bass Drum , Snare စသည်များကို လက်မနှင့် အမျိုးအစားအလိုက် အသေး စိတ်ဖော်ပြပေးထား တာကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ဥပမာ 24 x 18 Soner လို့ဆိုထားခြင်းသည် 24 လက်မ နှင့် 18 လက်မ အရွယ်အစား Soner Bass Drum ဟု ဆိုခြင်းဖြစ်ပါတယ်။ Addactive Drum ရှိ Bass Drum
List မှ သင်နှစ်သက်ရာ လက်မအရွယ်အစားနှင့် အမျိုးအစား Bass Drum များကို ပြောင်းလဲ အသုံးပြုနိုင် ပါတယ်။
Edit Page ကတော့ Bass Drum , Snare , Hi Hat အစရှိသည့်အသံများကို ပြင်ဆင်ပေးရန်အတွက် ဖြစ်ပြီး Volume, Pitch , mic တည်နေရာ အစရှိသည်တို့ကို
ပြင်ဆင်သတ်မှတ်ပေးရန်အတွက် ဖြစ်ပါတယ်။
Effect အပိုင်းကတော့ Reverb, Compressor , EQ အစရှိသဖြင့် ထည့်သွင်းရန်အတွက်ဖြစ်ပြီး Bus စနစ်မှ လည်းထည့်သွင်းပေးနိုင်ပါတယ်။ တကယ်လို့ Bus စနစ်မှ ထည့်သွင်းအသုံးပြုမည်ဆိုပါက ထို Bus ထဲတွင်
နှစ်သက်ရာ effect ကိုထည့်သွင်းပေးရမှာ ဖြစ်ပြီး ထည့်သွင်းလိုသည့် Bass Drum ,Snare စသည့် channel များတွင် Aux level ကို တင်ပေးရမှာဖြစ်ပါတယ်။
Addactive Drum တွင် နမူနာအနေဖြင့် ထည့်သွင်းပေးထားသော Sample Loop များစွာပါဝင်ပါတယ်။ တကယ်လို့ ထို loop များကို ထည့်သွင်းအသုံးပြုချင်တယ်ဆိုရင်တော့ Beats မှတဆင့် ကြိုက်နှစ်သက်ရာ
Loop များကို ရွေးချယ်ပေးရမှာဖြစ်ပါတယ်။ ထို့ကြောင့် Addactive Drum ဟာ သင့်အတွက် Drum တီးခတ်ရာတွင် အကောင်းဆုံးစွမ်းဆောင်
ပေးနိုင်မည့် Drum ဆော့ဖ်ဝဲ တစ်ခုဖြစ်ပါတယ်။



 ကိုစနေဦး ရေးသားထားသော SAMM Page မှ ကူးယူ ဖေါ်ပြပါသည်။

No comments:

Post a Comment