Wednesday, January 7, 2015

အခြေခံ သိမှတ်စရာတစ်ချို့

မိတ်ဆွေတယောက်က sgp ကနေ
အခုလိုအကြံတောင်းလာပါတယ်။
voice mailနဲ့ ပါ။``ဟယ်လို
ကိုဘယ်သူရေ ကျနော့မှာ
midi controller ရယ် computer
ရယ် mic ရယ်ရှိတယ် soundcard
ကတော့ဝယ်ရမှာပေါ့နော် အခြား
ဘာများလိုမလဲ home studio
လေးဆင်ပြီးဆော့ချင်ပါတယ်´´တဲ့။
ဟုတ်ကဲ့ပါ monitor speaker
လိုမယ်။စပီကာမှာ active ရှိတယ်
သူက amp တွဲလျှက်ပါတယ်
power တော့ထိုးပေးရသပေါ့။
passive ဆိုရင်တော့amp ကို
သီးခြားဝယ်ရတယ်။ပြီးမှ jackကြိုး
နဲ့ join ပေါ့။၂သိန်း၃သိန်းပဲသုံးဖို့ 
အကြံပေးပါတယ်။ချွေတာရေးစပီကာ
လေးတွေ ၅ လက္မ ၇ လက္မ စသဖြင့်
ပေါ့။ဥရောပနည်းပညာနဲ့ စက်ရုံက
china ပေါ့။သုံးလို့ ရပါတယ်။
external soundcard ကို usb
2.0 interface သုံးဖို့ အကြံပေးတယ်
midi ပေါက် ပါဖို့ လိုတယ်လေ။
သူ့ မှာက midi controller ရှိတယ်
ဆိုသကိုး။branded ဖြစ်တဲ့နာမည်
ကြီး ပစ္စည်းများမသုံးပါနဲ့ ဦးလို့ ။
စောသေးတယ်လေ။လုပ်ရင်းကိုင်ရင်း
အားမရဖြစ်လာမဲ့အခွင့်အရေး သူ့ ကို
ပေးရမှာပေါ့။mac book pro တို့ 
protoolsတို့ ခနစောင့်ပါပေါ့။
mixer မလိုသေးဘူး။သူကိုယ်၌လဲ
pro မဟုတ်နိုင်သေးဘူး။အချို့ အဆင့်
များ မပြောသေးတာက ပြောတာ
ထက်သူ့ ကိုကူညီရာရောက်တော့
တဆင့်လောက်ပဲဖြစ်ဖြစ်ချန်ရတာ
ပဲ။ကိုယ်ကသိတ်မသိငြား သူ့ ထက်
စာရင်တော့ အတော်သိတယ်လေ။
ကြာပြီကိုး စမ်းတဝါးဝါးနဲ့  လမ်းတွေ
မှား amp တွေလောင် soundcard
တွေ တခုကနေ ၂ခုကြွ။ကူသူမဲ့
ကယ်သူမဲ့နဲ့ ။mixer မလိုရခြင်းက
soundcard မှာကိုက preamp
ပါလာလို့ ပဲ။သူမမေးခင်ကြိုရှင်းပြ
လိုက်ပါတယ် preamp ဆိုတာ
gain ကိုဆွဲတင်ပေးသော
volume control လို့ ။
မှားသည်ဖြစ်စေ
မှန်သည်ဖြစ်စေ သူ့ အနေနဲ့ က
ဒါလောက်သိထားပေးရင်တာဝန်
ကျေတယ်။ဘယ်လိုများ
setting ချမှာပါလိမ့်။
ကျုပ်ကတော့ဒီလိုသုံးခဲ့ဘူးတယ်
1/soundcard(audio interface)
သည်နဂိုရ်ထဲကိုက usb 2.0
printerကြိုးမျိုးနဲ့ computerကို
ချိတ်ထားပြီးဖြစ်တယ်။
2/soundcard မှာoutput အပေါက်
များပါတယ် output 1,2,3,4...etc
1နဲ့ 2 ကပဲထုတ်ခဲ့တယ်။jack pin
အမျိုးအစားကိုကြည့် banana
လား(tv to video join တဲ့ကြိုး)
jack ခေါင်းအသေးလား
အကြီးလား။ချုပ်ရရင်
*ဆိုလိုတာက soundcard ရဲ့ 
outputသည် active speaker(သို့ )
amplifier ရဲ့  input ကိုထိုး။
*တီးမဲ့ instrument ရဲ့ jack သည်
soundcard အဝင် inputကိုထိုး။
mic ဆိုရင် mic line in ကိုထိုး။
mic က condensor mic ဆိုရင်
fantom power 48 v ကြွေး။
ခလုတ်ကလေးပါတယ် ရှာကြည့်။
*အင်း
ခုမှ recording software
အပိုင်းရောက်လာတာ
နီးစပ်ရာ software cd ဆိုင်က
ရှာမရရင် ကိုယ့်ဟာကိုယ်
download လုပ်။ကျုပ်ကတော့
ဘာမှဒေါင်းလုပ် မလုပ်တတ်ပါ။
ရှာဝယ်လို့ မရရင်ရင်းနှီးရာမှာ
အကူညီတောင်းပါ။
software မှာsoundcard
ရွေးပေးဖို့ ကတော့ရှေ့ မှာလဲ
article များရှိခဲ့ပြီ။
တော်သေပြီ။မှားလို့ 
တော်သေးပြီ။ဆက်ပါမည်။
(ချစ်ခြင်းအားဖြင့်)


ကိုမောင်မောင်လတ် ( KB ) မှ ရေးသားပေးထားပါသည်။

No comments:

Post a Comment