Thursday, January 22, 2015

Cubase & Nuendo သင်ခန်းစာ 001



အခုမှ စလုံးရေစမယ့် Cubase or Nuendo လေ့လာသူများအတွက် အခြေခံ စတင်သုံးစွဲပုံ ( ၁ ) ပါ။
ပထမဦးဆုံး Software တင်ပြီးတဲ့နောက် Cubase or Nuendo ကိုဖွင့်ပါ။
File ကိုနှိပ်ပါ။ပြီးလျှင် New Project ကို နှိပ်ပါ။
ဒုတိယပုံပေါ်လာလျှင် Empty ကိုရွေး ok နှိပ်ပါ။
တတိယပုံတက်လာလျှင် ကိုယ့် Project သိမ်းမည့်နေရာရွေးပီး ok နှိပ်ပါ။
ပြီးလျှင် ပုံ ၄ အတိုင်း Divice ကို နှိပ်ပြီး Divice setup ကို နှိပ်ပါ။
ပုံ ၅ အတိုင်း VST Audio System ကိုရွေးပီး ညာဘက်က ASIO Driver နေရာမှာ ကိုယ့်သုံးသောဆောင်းကဒ်နာမည်ကို ရွေးပါ OK နှိပ်ပါ။
ပုံ ၆ Project အောက်မှ Project setup ကို နှိပ်ပါ။
ပုံ ၇ အတိုင်း Sample Rate နေရာမှာ 48.000 KHZ ရွေး
ပုံ ၈ အတိုင်း Record Format နေရမှာ 24 Bit ရွေး အိုကေနှိပ်ပါ။
File အောက်မှ Save ကို ရွေးပီး နှစ်သက်ရာ Project နာမည်တစ်ခုပေးပြီးသိမ်းပါ။
ဒါဆို စတင်အသံဖမ်းယူ တီးခတ်ဖို့အတွက် Project တည်ဆောက်ပြီးပါပြီ။
Bus များတည်ဆောက်ပုံ အသံ input out put များပြင်ဆင်ပုံကို
ဆက်လက်ပြီး အားလျှင်အားသလို အပိုင်းလိုက် တင်ပေးသွားပါမယ်။

ဘာသာပြန် မဟုတ်ပါ ကိုယ်တိုင်သုံးစွဲတဲ့ပုံစံအတိုင်း စတင်သုံးစွဲသူများ လွယ်ကူစေဖို့ လမ်းညွှန်ပေးခြင်းဖြစ်ပါသည်။









ဖိုးအေး ကိုယ်တွေ့ အတွေ့အကြုံများအား ဝေမျှ ရေးသားပါသည်။

Monday, January 19, 2015

Logic pro သင်ခန်းစာမူဗီ

Logic pro ထဲတွင် သီချင်းတစ်ပုဒ်ကိုအစအဆုံး၊
project စတင်ခြင်းမှစပီး
မီဒီဖြင့်ဒရမ်စီခြင်း
၊ tempo,arranger,
ဂစ်တာအသံဖမ်းခြင်း
စသည်များကို အသေးစိတ်သင်ထားပေးသည့်သင်ခန်းစာ
ယခုမှ အစပြုသူများအတွက် အခြေခံမှစ သင်ထားပေးသည့်အတွက်
အချိန်တော့ကြာပါသည်။

https://www.youtube.com/watch?v=A-GAVXEdbz4

ဆရာအောင်ဇော်

Wednesday, January 7, 2015

Addactive Drum ဖြင့် ဂီတသံစဉ်များဖန်တီးခြင်း



Addactive Drum ဖြင့် ဂီတသံစဉ်များဖန်တီးခြင်း

Addactive Drum ဆိုတာဟာ virtual instrument plug-in တစ်မျိုးဖြစ်ပြီး Drum သံများပြုလုပ်ဖန်တီးရာတွင် အသုံးပြုနိုင်ပါတယ်။ Addactive Drum အားအခြားသော FL Studio 9 , Sony Acid ,Nuendo အစရှိသည့် ဆော့ဖ်ဝဲများနှင့် ချိတ်ဆက်အသုံးပြုနိုင်ပြီး တကယ့် Drumသံအစစ်များကဲ့သို့တီးခတ်နိုင်တဲ့ ဆော့ဖ်ဝဲ ဖြစ်ပါတယ်။
Addactive Drum ရဲ့ အဓိက Feature တွေကတော့ Drum သံများ၊
Cymble သံများ၊ ကို multi channel mic များနှင့် ဖမ်းယူနိုင်ခြင်း၊ တကယ့် Real Drum kit သံအတိုင်း မိုက်setting များချိန်ကာ အသံများဖမ်းယူနိုင်ခြင်း ၊ Compressor များခံကာ အသံများ စစ်ထုတ်ယူခြင်း၊ အသံများချိန် ညှိနိုင်ခြင်း၊ Reverb , EQ အစရှိတဲ့ Effect များထည့်သွင်း ဖန်တီးနိုင်ခြင်း စတာတွေပဲဖြစ်ပါတယ်။ Addactive Drum နှင့် Drum သံများ တီးခတ်ဖန်တီးရာတွင် တကယ့် Drum stroke သံများကဲ့သို့
ရရှိစေနိုင်ပြီး အသံတစ်ခုချင်းစီအတွက် Gate များ၊ Compressor များကိုပါ ထည့်သွင်းအသုံးပြုနိုင်ပါတယ်။
Addactive Drum တွင် plug-in အနေဖြင့် ချိန်ပေးထားသော preset ပေါင်း 52 မျိုးခန့်ပါဝင်ပြီး မိမိကိုယ်တိုင် manual အနေဖြင့်လည်း ချိန်ကာ ပြန်လည်အသုံးပြုနိုင်ပါတယ်။ Addactive Drum အား အပိုင်းသုံးပိုင်း ပိုင်းကာ ခွဲခြားသတ်မှတ်နိုင်ပါတယ်။ Top Section ကတော့
နမူနာပါသော Drum pattern များကို ခေါ်ယူအသုံးပြုရန်၊ Effect အပိုင်းသို့သွားရန်၊ Edit ပြုလုပ်ရန်၊ preset များကိုထည့်သွင်းအသုံးပြုရန် တို့အတွက်ဖြစ်ပါတယ်။ ဒုတိယအပိုင်ဖြစ်တဲ့ Page Section ကတော့ Drum
သံများအား မိမိနှစ်သက်ရာအလိုက် ပြောင်းလဲတီးခတ်နိုင်ရန်၊ Bass Drum , Snare , Hi hat တို့ကို ပြောင်းလဲအသုံးပြုရန် တို့အတွက်ဖြစ်ပါတယ်။ Mixer အပိုင်းကတော့ အသံတစ်မျိုးချင်းစီအလိုက် အတိုးအကျယ် Level များ၊ effect များ ထည့်သွင်းရန်အတွက်ဖြစ်ပါတယ်။
2.Addactive Drum ဖြင့် ဂီတသံစဉ်များဖန်တီးခြင်း

Addactive Drum အား FL Studio နှင့်ချိတ်ဆက်ကာ တီးခတ်သည့်အပိုင်းကို ဆက်လက်ဖော်ပြပေး မှာဖြစ်ပါတယ်။ Addactive Drum ဟာ FL Studio အပြင် အခြားသော ဆော့ဖ်ဝဲများအတွင်း VST Instrument အနေဖြင့် အသုံးပြုနိုင်ပြီး တကယ့် Drum သံအစစ်များကို ထုတ်လုပ်ပေးနိုင်တဲ့ ဆော့ဖ်ဝဲ instrument တစ်ခု ဖြစ်ပါတယ်။
Addactive Drum အား FL Studio နှင့်ချိတ်ဆက်ကာ တီးခတ်နိုင်ဖို့အတွက်
သင့်ကွန်ပျူတာတွင် FL Studio နှင့် Addactive Drum နှစ်မျိုးစလုံး ထည့်သွင်းထားရန် လိုအပ်ပါတယ်။ ပထမဦးဆုံးအနေဖြင့် FL
Studio ကို ဖွင့်လိုက်ပါတယ်။

Right Click > Insert မှတဆင့် Addactive Drum ကိုရှာဖွေကာ ရွေးချယ်ပေး လိုက်ပါတယ်။ Fig (1)

1.တကယ်လို့ Right Click > Insert တွင် Addactive Drum ကိုမတွေ့ပါက More မှတဆင့် ရှာဖွေပေးရမှာဖြစ်ပါတယ်။

2.ထို့သို့ရွေးချယ်ပေးလိုက်ပါက FL Studio တွင် Addacitve Drum အား Track တစ်ခုအနေဖြင့် Step Sequencer တွင် ၀င်ရောက်လာ တာကို မြင်တွေ့ရမှာဖြစ်ပါတယ်။

3. Addactive Drum လိုင်းတစ်ခုဝင်ရောက်လာပါက ထို Track ကို Click တစ်ချက်နှိပ်လိုက်ပါ။ Addactive Drum ပုံကို မြင်တွေ့ရပြီဖြစ်ပါတယ်။

3. Addactive Drum ဖြင့် ဂီတသံစဉ်များဖန်တီးခြင်း

Addactive Drum ရဲ့ Mixer အခြမ်းကို အရင်ဆုံး ဖော်ပြပေးပါမယ်။ Addactive Drum တွင် Kick, Snare, HiHat , Cowbell အစရှိသဖြင့် Track ပေါင်း 10 လိုင်းပါဝင်ပါတယ်။ ညာဖက်အစွန်ဆုံးရှိ Master ကတော့ Drum သံအားလုံးရဲ့ output ကို ရည်ညွန်းခြင်းဖြစ်ပါတယ်။ Addactive Drum ရှိ Kick, Snare ,HiHat, သံများရဲ့ အတိုးအကျယ်ကိုတော့ သက်ဆိုင်ရာ Track များတွင် ၀င်ရောက်ချိန်ပေးနိုင်ပါတယ်။

Addactive Drum ကို FL Studio တွင်တီးခတ်ရန်အတွက်ကတော့ Right Click> Piano Roll မှတဆင့် စိတ်ကြိုက်တီးခတ်ရမှာဖြစ်ပါတယ်။ ထိုကဲ့သို့တီးခတ်ရာတွင် Pattern အနေဖြင့်တီးခတ်နိုင်သလို Song အနေဖြင့်လည်း သီချင်းတစ်ပုဒ်လုံးကို တီးခတ်နိုင်ပါတယ်။
Addactive Drum တွင် Bass Durm , Snare , Hi Hat များကို မိမိစိတ်ကြိုက်ပြောင်းလဲတီးခတ်နိုင် ပါတယ်။ထိုကဲ့သို့ အသံများပြောင်းလဲရန်အတွက် Bass Drum အပေါ်ဖက်အခြမ်းရှိ L ကို တစ်ချက် Click နှိပ်လိုက်ပါ။ ထိုအခါ Bass Drum အမျိုးအစားများစွာကို မြင်တွေ့ရမှာဖြစ်ပါတယ်။

4. Addactive Drum ဖြင့် ဂီတသံစဉ်များဖန်တီးခြင်း

Addactive Drum တွင် Bass Drum , Snare စသည်များကို လက်မနှင့် အမျိုးအစားအလိုက် အသေး စိတ်ဖော်ပြပေးထား တာကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ဥပမာ 24 x 18 Soner လို့ဆိုထားခြင်းသည် 24 လက်မ နှင့် 18 လက်မ အရွယ်အစား Soner Bass Drum ဟု ဆိုခြင်းဖြစ်ပါတယ်။ Addactive Drum ရှိ Bass Drum
List မှ သင်နှစ်သက်ရာ လက်မအရွယ်အစားနှင့် အမျိုးအစား Bass Drum များကို ပြောင်းလဲ အသုံးပြုနိုင် ပါတယ်။
Edit Page ကတော့ Bass Drum , Snare , Hi Hat အစရှိသည့်အသံများကို ပြင်ဆင်ပေးရန်အတွက် ဖြစ်ပြီး Volume, Pitch , mic တည်နေရာ အစရှိသည်တို့ကို
ပြင်ဆင်သတ်မှတ်ပေးရန်အတွက် ဖြစ်ပါတယ်။
Effect အပိုင်းကတော့ Reverb, Compressor , EQ အစရှိသဖြင့် ထည့်သွင်းရန်အတွက်ဖြစ်ပြီး Bus စနစ်မှ လည်းထည့်သွင်းပေးနိုင်ပါတယ်။ တကယ်လို့ Bus စနစ်မှ ထည့်သွင်းအသုံးပြုမည်ဆိုပါက ထို Bus ထဲတွင်
နှစ်သက်ရာ effect ကိုထည့်သွင်းပေးရမှာ ဖြစ်ပြီး ထည့်သွင်းလိုသည့် Bass Drum ,Snare စသည့် channel များတွင် Aux level ကို တင်ပေးရမှာဖြစ်ပါတယ်။
Addactive Drum တွင် နမူနာအနေဖြင့် ထည့်သွင်းပေးထားသော Sample Loop များစွာပါဝင်ပါတယ်။ တကယ်လို့ ထို loop များကို ထည့်သွင်းအသုံးပြုချင်တယ်ဆိုရင်တော့ Beats မှတဆင့် ကြိုက်နှစ်သက်ရာ
Loop များကို ရွေးချယ်ပေးရမှာဖြစ်ပါတယ်။ ထို့ကြောင့် Addactive Drum ဟာ သင့်အတွက် Drum တီးခတ်ရာတွင် အကောင်းဆုံးစွမ်းဆောင်
ပေးနိုင်မည့် Drum ဆော့ဖ်ဝဲ တစ်ခုဖြစ်ပါတယ်။



 ကိုစနေဦး ရေးသားထားသော SAMM Page မှ ကူးယူ ဖေါ်ပြပါသည်။

Waves Plug ins များနှင့်Mastering လုပ်ခြင်း။



Waves Plug ins များနှင့်Mastering လုပ်ခြင်း။
Waves ရဲ့ developer တယေါက်,ကျနော်လေးစားအတုယူတဲ့ ၈ုရုကြီး Yoad nevo ရဲ့ mastering with waves video ကိုအကြိမ်ကြိမ်ကြည့်ပြီး သကါလသူ့နည်းနာအတိုင်းလုပ်ကြည့်တာ အရမ်းကေါင်တဲ့ရလါဒ် ကိုရရှိတာ ကြောင့် LBRS group မှာတမယေါက်ကမေးထါးတါတွေ့လို့ ကျနော်လုပ်တဲ့setting ကို တင်ပြလိုက်ပါတယ်။
Mastering Daw အဖြစ် presonus studio one 2.62 ရဲ့ project mode ကိုသုံးထါးပါတယ်။
စမ်းကြည့်တဲ့ လေးဖြူ ရဲ့ ပင်လယ် အော်သံalbum နဲ့ ဘိုဖြူ ရဲ့ချစ်ထုံးဖြေပါ album တွေကိုremaster လုပ်ကြည့်တယ်။ပင်လယ်အော်သံ ဟါလွန်ခဲ့တဲ့ 20yrs ကထွက် ခဲ့ပေမဲ့ ဒီ efx chain နဲ့ဆွဲတင် polish လုပ်နိုင်တာကိုတွေ့ရပါတယ်။
Efx chain
1,Q1 eq
2,Cla-2a compressor
3,Ssl bus compressor
4,Linear phase eq
5,Q clone eq
5.1, H eg
6,L3 multimaximizer
7,L3Ultramaximizer
Q1 ,,,,
ဒီမှာတော့ 1band eg အဖြစ်သုံးပြီး ဘိုဖြူ tracks တွေမှာ org ကပါလါ တဲ့ 0 db အထိslam ရိုက်နေတာကို-2db လေါက် input gain reduction နဲ့ 30 Hz မှာ_3dbလေါက် lo cut shelf လုပ်တယ်။
Cla-2a compressor
ဒီမှာတော့ _6db compressing လုပ်တယ်။input gain and output gain level တူညီအောင်ထါးတဲ့အခါ အသံကမူရင်းထက်ပိုမြုင်လါမယ်။
Ssl master buss compressor
4db compress လုပ်မယ်။ atk,3 release,,auto ,,, makeup gain 4db
Linear phase eq
40hz low shelf cut and 500hz 2db cut,, လုပ်တယ်
Q clone eg
3db boost on 2khz လုပ်တယ်။
H eq
အရင် stage က compresdio,gain reduction,cut,boost တွေကို eq compensation လုပ်ပါတ်။ freq spectrum and listen with ear,,ချင့်ချိန်ပြီး boost and cut လုပ်တယ်။
L3 multimaximizer
Hi res cd master မှာ သုံးကြည့်တာအဆင်ပြေလို့ preset ယူလိုက်ပြီး 3db cut,-0.02 ceiling,24 bits quantize,dither type 1,,Ultra shaping,,ARC master release မှာထါးတယ်။
L3 ultramaximizer
loud and proud setting မှာ3db gain reduction,,out ceiling -0.2 ,,,24 bits quantize,ultrashaping
ကလိလိုက်တဲ့အခါမတော့ ကျနော်ကြိုက် တဲ့အသံကို ရပါတော့တယ်။

ဆရာ Lamine Thar ရေးသားပေးပါသည်။

အခြေခံ သိမှတ်စရာတစ်ချို့

မိတ်ဆွေတယောက်က sgp ကနေ
အခုလိုအကြံတောင်းလာပါတယ်။
voice mailနဲ့ ပါ။``ဟယ်လို
ကိုဘယ်သူရေ ကျနော့မှာ
midi controller ရယ် computer
ရယ် mic ရယ်ရှိတယ် soundcard
ကတော့ဝယ်ရမှာပေါ့နော် အခြား
ဘာများလိုမလဲ home studio
လေးဆင်ပြီးဆော့ချင်ပါတယ်´´တဲ့။
ဟုတ်ကဲ့ပါ monitor speaker
လိုမယ်။စပီကာမှာ active ရှိတယ်
သူက amp တွဲလျှက်ပါတယ်
power တော့ထိုးပေးရသပေါ့။
passive ဆိုရင်တော့amp ကို
သီးခြားဝယ်ရတယ်။ပြီးမှ jackကြိုး
နဲ့ join ပေါ့။၂သိန်း၃သိန်းပဲသုံးဖို့ 
အကြံပေးပါတယ်။ချွေတာရေးစပီကာ
လေးတွေ ၅ လက္မ ၇ လက္မ စသဖြင့်
ပေါ့။ဥရောပနည်းပညာနဲ့ စက်ရုံက
china ပေါ့။သုံးလို့ ရပါတယ်။
external soundcard ကို usb
2.0 interface သုံးဖို့ အကြံပေးတယ်
midi ပေါက် ပါဖို့ လိုတယ်လေ။
သူ့ မှာက midi controller ရှိတယ်
ဆိုသကိုး။branded ဖြစ်တဲ့နာမည်
ကြီး ပစ္စည်းများမသုံးပါနဲ့ ဦးလို့ ။
စောသေးတယ်လေ။လုပ်ရင်းကိုင်ရင်း
အားမရဖြစ်လာမဲ့အခွင့်အရေး သူ့ ကို
ပေးရမှာပေါ့။mac book pro တို့ 
protoolsတို့ ခနစောင့်ပါပေါ့။
mixer မလိုသေးဘူး။သူကိုယ်၌လဲ
pro မဟုတ်နိုင်သေးဘူး။အချို့ အဆင့်
များ မပြောသေးတာက ပြောတာ
ထက်သူ့ ကိုကူညီရာရောက်တော့
တဆင့်လောက်ပဲဖြစ်ဖြစ်ချန်ရတာ
ပဲ။ကိုယ်ကသိတ်မသိငြား သူ့ ထက်
စာရင်တော့ အတော်သိတယ်လေ။
ကြာပြီကိုး စမ်းတဝါးဝါးနဲ့  လမ်းတွေ
မှား amp တွေလောင် soundcard
တွေ တခုကနေ ၂ခုကြွ။ကူသူမဲ့
ကယ်သူမဲ့နဲ့ ။mixer မလိုရခြင်းက
soundcard မှာကိုက preamp
ပါလာလို့ ပဲ။သူမမေးခင်ကြိုရှင်းပြ
လိုက်ပါတယ် preamp ဆိုတာ
gain ကိုဆွဲတင်ပေးသော
volume control လို့ ။
မှားသည်ဖြစ်စေ
မှန်သည်ဖြစ်စေ သူ့ အနေနဲ့ က
ဒါလောက်သိထားပေးရင်တာဝန်
ကျေတယ်။ဘယ်လိုများ
setting ချမှာပါလိမ့်။
ကျုပ်ကတော့ဒီလိုသုံးခဲ့ဘူးတယ်
1/soundcard(audio interface)
သည်နဂိုရ်ထဲကိုက usb 2.0
printerကြိုးမျိုးနဲ့ computerကို
ချိတ်ထားပြီးဖြစ်တယ်။
2/soundcard မှာoutput အပေါက်
များပါတယ် output 1,2,3,4...etc
1နဲ့ 2 ကပဲထုတ်ခဲ့တယ်။jack pin
အမျိုးအစားကိုကြည့် banana
လား(tv to video join တဲ့ကြိုး)
jack ခေါင်းအသေးလား
အကြီးလား။ချုပ်ရရင်
*ဆိုလိုတာက soundcard ရဲ့ 
outputသည် active speaker(သို့ )
amplifier ရဲ့  input ကိုထိုး။
*တီးမဲ့ instrument ရဲ့ jack သည်
soundcard အဝင် inputကိုထိုး။
mic ဆိုရင် mic line in ကိုထိုး။
mic က condensor mic ဆိုရင်
fantom power 48 v ကြွေး။
ခလုတ်ကလေးပါတယ် ရှာကြည့်။
*အင်း
ခုမှ recording software
အပိုင်းရောက်လာတာ
နီးစပ်ရာ software cd ဆိုင်က
ရှာမရရင် ကိုယ့်ဟာကိုယ်
download လုပ်။ကျုပ်ကတော့
ဘာမှဒေါင်းလုပ် မလုပ်တတ်ပါ။
ရှာဝယ်လို့ မရရင်ရင်းနှီးရာမှာ
အကူညီတောင်းပါ။
software မှာsoundcard
ရွေးပေးဖို့ ကတော့ရှေ့ မှာလဲ
article များရှိခဲ့ပြီ။
တော်သေပြီ။မှားလို့ 
တော်သေးပြီ။ဆက်ပါမည်။
(ချစ်ခြင်းအားဖြင့်)


ကိုမောင်မောင်လတ် ( KB ) မှ ရေးသားပေးထားပါသည်။

Vocals recording အခြေခံ




သီချင်းတပုဒ်မှာ vocalကအရေးကြီးဆုံးအစိတ်အပိုင်းပါmix ထဲမှာသူ့ရဲ့အသံကိုအများဆုံး အကျယ်ဆုံး ဆွဲဆောင်မှုအကောင်းဆုံးဖြစ်အောင်အားစိုက်ပေးရပါမယ်။စပြီးအသံသွင်းက အသေးစိတ်ဂရုစိုက်ရပါမယ်။
Vocal boot--flat frequency response tuned up ဆင်ထားရမယ်။
Mics --------project studio တွေအတွက် rode nt2a နဲ့ရပါတယ်(တန်ဖိုးကြီးအရည် သွေးကောင်းမိုက်သုံးနိုင်ရင် အတိုင်းထက်အလွန်ပါ)
Mics setting....
Pattern...cardioid
Hi pass filter.....40hz.....80hz
Pad........0db
အကျယ်ကြီးအော်ဆိုရင် -5db....-10db မှာထား။
Hight......diaphragm center ကိုvocalist ပါးစပ်ထက် ၂လက်မ အမြင့် ၁၀ံ စောင်းထားမယ်
Pop shield......1"....2" from mic diaphragm center
Distance..........2"....3"(check input frequency spectrum)
10" for harmony......အကျယ်ကြီးအော်ဆိုရင် နည်းနည်းနောက်ဆုတ်...အများကြီးနောက်မဆုတ်နဲ့ Pad နဲ့ညှိပါ။
ပြီးရင် preamps,channel strip ရှိရင်သုံးမယ်။မရှိရင်soundcard preamps..quality:value ratio အရ external micpre ကိုလိုက်မမှီပါ.good experienced vocalist အတွက်channel strips သုံးရန်မလိုပါ။ကျတော်sound card preamps ကိုbypass လုပ်ပြီးADDAထဲကိုတည်ကျွေးပါတယ်။
Preamps/channel strip setting
Input gain...-6db...look at meter
Hipass filter.....80hz
Preamp out gain....-6db
Tube saturation......60%
Compression ratio...2:1....2.5:1
Attack......medium fast
Release....medium or auto အသံပေါ်မူတည်ပြီးချိန်ရင်ပိုကောင်းတယ်
Gain recduction,,,,3db...look at meter
Make up gain.....3db before the compression level
ဒါပြီးရင် vocalist head phone monitor cue mix setting လုပ်မယ်
Vocalist headphone mix mixer အသေးထားပေးရင်vocalist ကသူကြားချင်တဲ့
vocal/instrument mix ကိုချိန်ပေးလို့ရတယ်။ headphone mixer ဆီကိုdesk mixer stereo sub group out and preamp out ကျွေးထည့်မယ်(mic line spliter/DI box နဲ့ခွဲယူတယ်) Daw vocal channel monitor ကိုပိတ်လိုက်(mute)မယ်။ဒီတော့vocalists ကrecording လုပ်နေတဲ့အချိန်မှာlatency ဖြစ်နေတဲ.အသံမကြားရတော.ပါ။
Soundcard input level ကိုlead vox...-6db ...l
Harmony -10db...look at meter ချိန်လိုက်ရင်အဆင်ပြေပါပြီ။
အဆိုတော်ရောက်လာရင်ခနလေးထိုင်ခိုင်း။နေကောင်းလါး ပင်ပန်းနေလါးကြည့်။အလါပသါပနည်းနည်းပြော ရေခဲမပါတဲ့Orange Juice,lemon juice စစ်စစ် တခွက် ဒါမှမဟုတ်ရေနွေးကြမ်းလေးတိုက်လိုက်။ထမင်းဆာနေရင် ထမင်းစားပြီးခါစဆိုရင် မဆိုခိုင်းပါနဲ့။
အဆင်သင်.ဖြစ်ပြီးဟော်လိုလေးနဲ့warm up and calibration လုပ်ပြီးရင်လုပ်ငန်းစလို့ရပါပြီ။
အဆိုတော်ဟာစာသားကြည့်မဆိုရင်ပိုကောင်းပါတယ်။ဘာဖြစ်လဲတော့အသံပါဝါနဲ့mode လျော့သွားလို့ပါ။စာရွက်ကိုင်ဆိုရင် noise and phase problem ရှိနိုင်ပါတယ်။
Reference Hardwares,
Mics,,,,Rode NT2A,Samson co3
Preamps,,,,Behringer vintage tube,focusrite isa one,Avalon m5
Compressors,,,,Drawmer mx50 ,,,,Dbx 166xl,,,Behringer tube composer,,
Soundcards,,,,,,,Avid eleven rack,,,avid box pro,,Roland fa101,,focusrite Scarlett,Lexicon omega,,tc electronics connect,,
Daws,,,,,,,,protools 11,cubase,ableton live, နောက်ကျမှhow to mix vocals/how I mix vocals အကြောင်းဆက်ပါ့မယ်။။။။။။


ဆရာ Lamine Thar မှ ရေးသားပေးထားပါသည်။

Audio Mastering အခြေခံ





audio engineering မှာ mastering ဆိုတာ music production လိုင်းရဲ့ အဆုံးပိုင်းမှာရှိပါတယ်။ ထွက်လာတဲ့သီချင်းသံတွေ ဘယ်စက်တွေနဲ့ ဘဲနားထောင်နားထောင် နားဝင်ပီယံဖြစ်ဖို့  mastering အပိုင်းက လုပ်ပေးရပါတယ်၊
လွန်ခဲ့တဲ့ အနှစ် ၅၀ကျော်တုန်းက နည်းပညာရယ် စက်မှုကိရိယာတွေ မတိုးတက်သေးတဲ့အချိန်မှာ mastering ဆိုတာဟာ mixing stage ကပေးလာတဲ့ reel tape ဆီကနေ vinyl LP တွေ cassette tape တွေဖြစ်အောင် duplication လုပ်ပေးရတဲ့အဆင့်ပဲ့ရှိပါတယ်၊ နည်းပညာတွေ စက်ကိရိယာတွေ တိုးတက်လာတဲ့ ဒီခေတ်မှာတော့ mastering engineer တွေ နေရာအကြီးအကျယ်ရလာပြီး အရေးပါလာပါတယ်။ ဘာဖြစ်လဲဆိုတော့ final result တွေက အရမ်းကောင်းလို့ ပေါ့၊ ဒီတော့ ဂီတနဲ့ ပက်သက်တဲ့ company ကြီးတွေ ငွေကြေးမြောက်မြားစွာ ရတဲ့ အောင်မြင်တဲ့ အင်ဂျင်နီယာတွေဟာ ဒေါ်လာသန်းနဲ့ ချီပြီး ရင်းနှီးမြှုပ်နှံကြတယ်။ Recording company တွေကလည်း mastering ဆိုတာ ဘယ်လောက်အရေးကြီးသလဲဆိုတာ အသိအမှတ်ပြုလာကြတယ်၊ Recording company တခု နှင့် တခု ဆီက ထွက်လာတဲ့သီချင်းတွေ အသံကျယ်ခြင်းပြိုင်ကြတော့ loudness war ဆိုတာ ခေတ်စားလာတယ်၊
ကဲ mastering လုပ်မယ်ဆိုရင် ဘာတွေလိုအပ်သလဲ၊
သီချင်း၁ပုဒ်ကို analysing approach
နဲ့  နားထောင်တတ်ရမယ်၊ ဒီတော့ arts of listening ဆိုတဲ့ အတတ်ပညာကို တက်ကျွှမ်းဖို့ လိုလာပြန်တယ်၊

The art of listening
သီချင်း ၁ပုဒ် ဂီတသံစဉ် ၁ခုကို နားထောင်မယ်ဆိုရင် အဲဒီသီချင်း အဲဒီသံစဉ်တွေကို ကြိုက်တာ မကြိုက်တာ အပထား ပါဝင်တဲ့  elements တွေရဲ့ အသံတွေကို ခွဲခြမ်းစိတ်ဖြာရပါမယ်၊
Foundation – bass, drum
Rhythm – guitar, piano, synths
Pads – synths, e piano, strings
Leads – vocal, guitar, solos
Fills – vocal, guitar, percussion, drums
Elements ၁ခု ချင်းဟာ သူ့ ရဲ့ အတိုးအကျယ်တွေ (vol/lev) တွေမှန်ရဲ့လား၊ အသံထုံ / စူးရှ (eq) တွေ မျှရဲ့လား၊ အခြား characters တွေလည်း သူ့ နေရာနဲ့ သူ အသံမှန်ရောက်ရဲ့လား၊ စသဖြင့် analyse လုပ်ရပါ့မယ်။ အဲဒါတွေပြီးရင် gain stage မှာ ဘယ်လောက်တင်ရင်ကောင်းမလဲ၊ ဘယ် eq band တွေကို cut/boost လုပ်မလဲ compression ဘယ်လိုလုပ်မလဲ Ratio, attack, Release, gain reduction, make up ဘယ်လောက်လုပ်မလဲ၊ harmonic enhancing/ tape, tube situation လုပ်မလား၊ stereo widening ဘယ်လောက်ချဲ့ မလဲ၊ limiter setting မှာ A/R, peak stop, loudness maximizer နဲ့ ဘယ်လိုသွားမလဲ။
Loudness meter/ frequency spectrum meter ဘယ်လိုထားရင်ကောင်းမလဲ၊ စဉ်းစားဆုံးဖြတ်ပြီးရင် လုပ်ငန်းစလို့ ရပါပြီ၊

studio အကြီးတွေမှာ သုံးတဲ့ hardware mastering chain ကတော့
၁. ADDA- analogue digital digital analogue converter ( eg. Antelope audio clip 384 )
၂. PREAMP ( Ams Neve 1081 )
၃. Eq ( SSL Xrack, Avalon AD2077 Manley massive passive )
၎. Compressor ( ShadowHills Mastering Compressor, Tubetech SMC 2BM multibands )
၅. Eq ( Massive passive 4 band, maselec MEA2 )
၆. Hamonic processor ( Eventide H8000 Utra )
၇. Limiter ( Manley Slam, Prism sound MEA2 )
၈. ADDA converter ( SSL Alphalink Madi-AX) ပြီးရင် CD Recorder/Tape Recorder ဒါမှမဟုတ် vinyl cutting machine ကိုသွားပါတယ်၊ Vinyl mastering အတွက်ကတော့ သက်သက် setup လုပ်၇ပါတယ်။ very low frequency နဲ့  anti-phase တွေပါလာရင် ဓါတ်ပြားလှီး၊ ခြစ်တဲ့ အပ်ခေါင်းကို ပျက်စီးစေတဲ့အတွက်ကြောင့်ပါ။

Digital Mastering ( Software ) chain
2010 မတိုင်ခင်အထိ hardware mastering ကို မယှဉ်နိုင်ပေမဲ့ နောက်ပိုင်းမှာတော့ software plugin တွေ တော်တော်လေးကောင်းလာပါတယ်၊ ဆရာကြီးတွေဖြစ်တဲ့ Yoad Nevo, JC concato, etc တို့ တတွေက software တွေနဲ့ လုပ်တဲ့ mastering တွေဟာ hardware mastering ဆရာတွေနီးပါးလောက် ကောင်းအောင် လုပ်ပြနိုင်တော့ ကျွှန်တော်တို့ လို မျက်နှာမွဲတွေအတွက် အားတက်စရာပေါ့။ ကျွှန်တော်ထင်တာကတော့ software mastering plugin တွေဟာ DAWs တွေInterface တွေက PreAmp- Recording mixer, Recorder တွေရဲ့ နေရာကိုယူလိုက်သလိုပဲ၊ mastering hardwares တွေကို တန်းညှိနိုင်မယ်လို့ ကျွှန်တော်ယုံကြည်ပါတယ်၊ တချို့ သော စတူဒီယို တွေမှာ hardware/ software – hybrid system ကို သုံးနေကြပါပြီ၊
ကျွှန်တော်ကတော့ mastering ကို Isotope ( Ozone ) နဲ့ စခဲ့ပါတယ်၊ ဘာမှမသိသေးတဲ့ အချိန် အတွေ့ အကြုံနည်းနေတုန်းအချိန်မှာ Presets တွေကို အားကိုးခဲ့ပါတယ်၊ လုပ်ရင်းလုပ်ရင်းနဲ့ ကိုယ့် Presets ကိုဖန်တီးနိုင်တဲ့ အချိန်ရောက်လာဖို့ အတော်ကြာပါတယ်။ Presets တွေကို စမ်းသပ်ဖို့ ဆိုတာဝန်လေးစရာ မဟုတ်ပါဘူး။
ပြီးတော့ mastering အတွက် mixing stage မှာ ဘာတွေပြင်ဆင်ပေးရမလဲ? Mastering ဆရာတွေတော်တော်များများဟာ player, mixing, recording ဘ၀က လာတဲ့သူတွေ များပါတယ်။ အင်ဂျင်နီယာ ၁ယောက်ဟာ တူရိယာ ၂ခု ၃ခု လောက်တီးတတ်ကြပါတယ်၊ ( ချွှင်းချက် )
Mixed track ရဲ့  master bus မှာ eq မထည့်ရပါ၊ မဖြစ်မနေလိုအပ်မှသာ ထည့်ပါ၊ compression/ limiting အတွက် mastering engineer တာဝန်ထားလိုက်ပါ။ ပြီးတော့ well-balanced mix ဖြစ်အောင် လုပ်ပါ၊ Peak level ကို -6 db ထက် မကျော်ပါစေနှင့်၊
Average level နဲ့  Peak level တို့ ရဲ့ dynamic Range ကွာခြားချက်ကတော့ 9db နှင့် 6db ကြားမှာ ရှိမယ်ဆိုရင် ဒီသီချင်းဟာ mastering ဆရာသမားလက်ထဲ ထည့်လို့ ရပါပြီ၊ ဆရာ့ ဆရာတွေရဲ့ အဆို အရ ကိုယ်mix လုပ်တဲ့ track ကို mastering လုပ်ဖို့ အခြား masteringဆရာကို လွှဲအပ်လိုက်ပါတဲ့၊ ဟုတ်မယ်လို့ ကျွှန်တော်ယုံကြည်ပါတယ်။ Collaboration concept အရ ဖြစ်မယ်။

ကျွှန်တော် mastering chain ၄၊ ၅၊ ၆ ခုလောက် လုပ်ထားတဲ့အထဲက စာရှည်နေမှာစိုးလို့  ရန်နိုင်ရဲ့ အခွေကို လုပ်ထားတဲ့ setup နဲ့ ဥပမာ ပေးလိုက်ပါ့မယ်။
Mastering chain
– BT – PEQ 5B-3 ( nomad factory )
– BT com CP 2S-3 ( nomad factory )
– VEQ 4 ( waves )
– BT BW 2S-3; comp setting ( nomad factory )
– Kramer Tape ( waves )
– Center ( waves )
– L3 – LL Utra ( waves )
– WLM meter ( waves )
ဒါနဲ့ ဘဲ့ မလုံလောက်သေးပါဘူး၊ Lipinski speakers, hardware gear တွေ မသုံးနိုင်ရင်လည်း အခန်းရဲ့ Room acoustic response ကို flat ဖြစ်အောင် tuned လုပ်ထားနိုင်မယ်၊ monitor setup ergometric မှန်ရင် ပိုမိုကောင်းမွန်တဲ့ ရလဒ်တွေရမှာပါ။ headphone နဲ့  Recording mixing mastering ၁ခါမှ မလုပ်ဘူးပါ၊ sound engineer ၁ယောက်ရဲ့ နားဟာ အလွန်အရေးကြီးလို့ details check ကလွဲရင် headphone ကို မသုံးရင် ကောင်းပါမယ်၊ ပြီးတော့ balanced mixing mastering ကောင်းတဲ့သီချင်းတွေကို ကိုယ့် စတူဒီယို အခန်းက setup တွေနဲ့ များများနားထောင်ပေးရင် ကောင်းပါတယ်၊
Mastering Hardward/ software တွေဟာ အလွန်ရိုးစင်းပါတယ်။ အဓီကကတော့ mastering engineer ရဲ့ technical skills နဲ့  the art of listening တို့ ကပိုပြီးအရေးကြီးပါတယ်၊
…...... အားလုံး အောင်မြင်ပါစေ၊ …...........
ဆက်ပါဦးမည်

 ဆရာ Lamine Thar မှ ရေးသားပေးထားပါသည်။